စူပါပိုးမွှား
  
Translated

ပဋိဇီဝပိုးသတ်ဆေး အများအပြားကို ယဉ်ပါးနေသော ဘတ်တီးရီးယားပိုး အမျိုးအစား

 

“ပဋိဇီဝပိုးသတ်ဆေးများ အလွန်အကျွံ သုံးစွဲခြင်းများက စူပါပိုးမွှားများကို ဖြစ်စေပါသည်”

 

“စူပါပိုးမွှားများ ကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် သင်လက်ဆေးပါ”

 

“စူပါပိုးမွှားများသည် သာမာန်လုပ်နေကျ ခွဲစိတ်ကုသမှုများကိုပင် သေစေသည်အထိ ဖြစ်စေနိုင်ပါသည်” [1]

 

 “ယခုချိန်မှစ၍ မဆောင်ရွက်လျင် စူပါပိုးမွှားများသည် ရာသီဥတုဖောက်ပြန်ခြင်းထက်စော၍ ကျွန်ုပ်တို့ကို အသက်အန္တရာယ်ပေး ခြိမ်းခြောက်နိုင်ပါသည်” [2]

Learning point

စူပါပိုးမွှားများ ဖြစ်ပေါ်လာခြင်း                      

 

“စူပါပိုးမွှား” အသုံးအနှုံးသည် သတင်းမီဒီယာ စကားလုံးဖြစ်ပြီး ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးခြင်းနှင့် ပတ်သက်၍ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြခြင်းဖြစ်သည်။ “စူပါပိုးမွှား” စကားလုံးကို ၁၉၇၀ ၀န်းကျင်က လူကြိုက်များသော သတင်းများတွင် မကြာခဏ တွေ့ရလေ့ရှိပြီး  အညစ်အကြေးများစားသုံးသော ပိုးမွှားများကို ရည်ညွန်းခြင်း ဖြစ်သည်။[3] နောက်ပိုင်းတွင် ပြောင်းလဲလာခဲ့ပြီး နောက်ပိုင်းတွင် ကုသရခက်သော ပဋိဇီဝပိုးသတ်ဆေးအများအပြားယဉ်ပါးခြင်းကို ရည်ညွှန်းရန် အသုံးပြုလာကြသည်။

 

သတင်းမီဒီယာများသည် လူထု၏အမြင်နှင့် သဘောထားများ ကိုထင်ဟပ်ပါသည်။[4] ၁၉၉၆ ယူကေ တွင် ဘီဘီစီ မှ ဆေးယဉ်ပါးခြင်းနှင့်ပတ်သက်ပြီး  ဗန်ကိုမိုင်စင် ဆေးမတိုးသော ဘက်တီးရီးယားပိုး တစ်မျိုးထွက်ပေါ်လာမှု အဓိကထားပြီး “စူပါပိုးမွှား” ဟုခေါ်သော အစီအစဉ် တစ်ခုပြုလုပ်ခဲ့ပါသည်။ ထိုအစီအစဉ်က သတင်းမီဒီယာများက “စူပါပိုးမွှား” အပေါ် အနီးကပ်စောင့်ကြည့်မှုဖြစ်စေခဲ့ပါသည်။ ၂၀၁၅ ယူကေ အထွေထွေရွေးကောက်ပွဲတွင် စူပါပိုးမွှားခေါင်းစဉ်သည် အဓိကနိုင်ငံရေးပါတီနှစ်ခုကြား စကားရေလုစရာ အကြောင်းအရာတစ်ရပ် ဖြစ်ခဲ့ပါသည်။ ထိုစဉ်က စူပါပိုးမွှားနှင့် ပတ်သက်၍ သတင်းများရှိခဲ့သော်လည်း ပုံမှန်စိတ်ဝင်စား၍ စာဖတ်သူများပင် စူပါပိုးမွှားများ၏ ပြဿနာ အတိမ်အနက်နှင့် အရေးတကြီးလုပ်ဆောင်ရမည့် အချက်များနှင့်ပတ်သက်ပြီး နားမလည်မှုများရှိခဲ့သည်။ ယခုအချိန်အခါတွင် စူပါပိုးမွှားများ ပြဿနာကို မည်ကဲ့သို့တွန်းလှန်ကြရမည်ကို လူအများသိရှိရန် အရေးတကြီးလိုအပ်လာပါသည်။

 

စူပါပိုးမွှား (သို့မဟုတ်) ဆေးအများအပြား ယဉ်ပါးမှုနှင့်ပတ်သက်ပြီး ထပ်မံသိရှိလိုပါက အောက်ပါ ခေါင်းစဉ်များတွင် ဖတ်ရရှုပါ။ “ပဋိဇီဝပိုးသတ်ဆေး လွဲမှားအသုံးပြုမှု” “ပဋိဇီဝပိုးသတ်ဆေး အကြောင်း သိရှိနားလည်မှု” “ပဋိဇီဝပိုးသတ်ဆေး အသုံးပြုမှု” နှင့် “ပဋိဇီဝပိုးသတ်ဆေး ကွပ်ကဲလမ်းညွှန်မှု”

 

ကိုးကားချက်များ။

1 Nuki, P., & Gulland, A. (2018, May 22). Superbugs: Millions will die if we don't tackle antibiotic resistance. Retrieved from https://www.telegraph.co.uk/news/2018/05/22/superbugs-could-render-even-routine-procedures-deadly-warns/

2 Armstrong, S. (2017, November 04). If we don't act now, superbugs will kill us before climate change does. Retrieved from https://www.wired.co.uk/article/antibiotic-resistance-innovation-dame-sally-davies-nhs

3 Mosher, D. (2012, December 29). What is a Superbug? Retrieved from https://www.livescience.com/32370-what-is-a-superbug.html

4 Reynolds, L. A., & Tansey, E. M. (2008). Superbugs and Superdrugs: A History of MRSA (Vol. 32, Wellcome Witness to Twentieth Century Medicine). Wellcome Trust Centre for the History of Medicine at UCL. ISBN 978 085484 114 1

Related words.
Word of the month
New word
ဒေါင်းလုပ်

တစျခုလုံးကို AMR အဘိဓါန် Download ဒီမှာ