| 
			   
			၁။ ပဋိဇီဝပိုးသတ်ဆေးများသည် နှာစေးအအေးမိခြင်းကို ပျောက်ကင်းအောင်ကုသပေးနိုင်သည်။ (မှန်၊မှား) 
			  
			၂။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည် ပဋိဇီဝပိုးသတ်ဆေးများကိုခံနိုင်ရည်ရှိလာခြင်းကို ဆေးယဉ်ပါးခြင်း ဟုခေါ်သည်။(မှန်၊မှား) 
			  
			၃။ သင်၏ ပဋိဇီဝပိုးသတ်ဆေးသုံးစွဲမှုကြောင့် ဆေးယဉ်ပါးခြင်းကိုဖြစ်စေနိုင်သည်။(မှန်၊မှား) 
			  
			၄။ ပဋိဇီဝပိုးသတ်ဆေးများကိုတိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းများတွင် အသုံးပြုခြင်းကြောင့်ဆေးယဉ် ပါးမှုကိုဖြစ်စေသည်။(မှန်၊မှား) 
			  
			၅။ ဆေးယဉ်ပါးဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါများသည် ဆေးယဉ်ပါး ဘက်တီးရီးယားပိုးရှိသော လူများကို ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်သည်။(မှန်၊မှား) 
			  
			၆။ ဆေးယဉ်ပါးဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါများသည်  ဆေးယဉ်ပါး ဘက်တီးရီးယားပိုးများ ကိုသယ်ဆောင်ထားသော  တိရိစ္ဆာန်အရှင်များ၊ ရေ (သို့မဟုတ်) အစားအသောက် များကိုထိတွေ့ခြင်းမှတစ်ဆင့်ကူးစက်နိုင်သည်။(မှန်၊မှား) 
			  
			၇။ ကာကွယ်ဆေးပုံမှန်ထိုးခြင်း ပုံမှန်နှင့်စနစ်တကျ လက်ဆေးခြင်း တစ်ကိုယ်ရည်သန့်ရှင်းရေးတို့ဖြင့် ကမ္ဘာကြီးကို ဆေးယဉ်ပါးမှုတိုက်ဖျက်ရန်အတွက် ကူညီပေးနိုင်သည်။(မှန်၊မှား) 
			  
			အဖြေမှန်များ 
			၁။ မှားသည် ။ နှာစေးအအေးမိခြင်းသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ပဋိဇီဝပိုးသတ်ဆေးသည် ဗိုင်းရပ်စ်ကိုမသတ်နိုင်ပါ ။ ဖျားနာသည့်ကာလ ကိုလည်း မလျှော့ချနိုင်ပါ ရောဂါလက္ခာများ ကိုလည်းမသက်သာစေပါ။  
			ပိုမိုဖတ်ရှုရန်အတွက် ဤနေရာကိုနှိပ်ပါ ။ here 
			  
			၂။ မှားသည်။ ပဋိဇီဝပိုးသတ်ဆေးအလွန်အကျွံသုံးစွဲခြင်းကြောင့် သင်၏ခန္ဓာကိုယ်သည် ပဋိဇီဝပိုးသတ်ဆေးများကို ခံနိုင်ရည်ရှိမလာပါ ။ပဋိဇီဝပိုးသတ်ဆေးအလွန်အကျွံသုံးစွဲခြင်းကြောင့်ဘက်တီးရီးယားပိုးများသည် ပဋိဇီဝပိုးသတ်ဆေးများကို ယဉ်ပါးလာပြီး လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည် ။ 
			  
			၃။ မှန်သည်။ ပဋိဇီဝပိုးသတ်ဆေးသုံးစွဲမှုကြောင့် ဆေးယဉ်ပါးခြင်း ဖြစ်ပွားနိုင်ပုံကို ဖတ်ရန် ဤနေရာကိုနှိပ်ပါ။ 
			here 
			  
			၄။ မှန်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ပဋိဇီဝပိုးသတ်ဆေး ယဉ်ပါးမှု ဖြစ်ပွားပုံကို ဖတ်ရန် ဤနေရာကိုနှိပ်ပါ။ here 
			  
			၅။ မှန်သည်။ ဆေးယဉ်ပါးဘက်တီးရီးယားပိုးရှိသော လူများကို ထိတွေ့ခြင်းဖြင့်  ဆေးယဉ်ပါးဘက်တီးရီးယားပိုး ကူးစက်နိုင်သည် ။ ပိုမိုလေ့လာရန် ဤနေရာကိုနှိပ်ပါ။ click here. 
			  
			၆။ မှန်သည်။ အစားအစာ ဘေးကင်းရေးနှင့် သန့်ရှင်းအောင်ကာကွယ်ရေး အကြောင်း ပိုမိုဖတ်ရှုရန် ဤနေရာကိုနှိပ်ပါ။ click here. 
			  
			၇။ မှန်သည်။ ဆေးယဉ်ပါးခြင်းကိုဖြေရှင်းရန်အရေးကြီးကြောင်း နားလည်ရန်အတွက် ဖတ်ရှုရန် ဤနေရာကိုနှိပ်ပါ။ here 
			  
			 |