ဗိုင်းရပ်စ်များ၏ဖွဲ့စည်း တည်ဆောက်ပုံသည် ဘက်တီးရီးယားများနှင့်ကွဲပြားခြားနားသနည်း။ လူခန္ဓာကိုယ်အတွင်းရှိဆဲလ်များတွင် နေထိုင်ရှင်သန်ပွားများနိုင်ပြီး ဆဲလ်ပြင်ပတွင် ပွားများနိုင်ခြင်းမရှိပါ။[1]
ပဋိဇီဝပိုးသတ်ဆေးများသည် ဘက်တီးရီးယားပိုး၏ ဆဲလ်နံရံကိုဖျက်ဆီး၍သော်လည်းကောင်း၊ ဘက်တီးရီးယား ဆဲလ်များ၏အစာချက်စနစ်ကိုရပ်ဆိုင်း၍သော်လည်းကောင်း၊ ဘက်တီးရီးယားပိုးများ ကိုသေဆုံးစေသည်။ သို့သော် ဗိုင်းရပ်စ်တွင် ဘက်တီးရီးယားကဲ့သို့ဆဲလ်များမရှိပါ။
အချို့သောဗိုင်းရပ်စ်များကိုပဋိဇီဝဗိုင်းရပ်စ်ကုဆေးဝါးဖြင့်ကုသပျောက်ကင်းနိုင်သည်။ ဥပမာအားဖြင့် ဆိုသော် ရေကျောက်ပေါက်ခြင်းနှင့် အသည်းရောင်အသားဝါ စီပိုး တို့ကိုကုသနိုင်သည်။ အခြားသောဗိုင်းရပ်ကြောင့်ဖြစ်သောရောဂါများ အသည်းရောင်အသားဝါဘီပိုးနှင့် ခုခံအားကျဆင်းမှု ရောဂါတို့တွင် ပျောက်ကင်းအောင်ကုသ၍မရနိုင်ပဲ ရောဂါလက္ခဏာဆက်လက်ဆိုးရွားခြင်းမရှိရန်နှင့် အခြားသောလူများထံသို့ ပြန့်ပွားမှုမရှိစေရန်သာကုသနိုင်သည်။
အချို့သောဗိုင်းရပ်စ်ကြောင့်ဖြစ်သောရောဂါများကို ကြိုတင်ကာကွယ်ရန် ကာကွယ်ထိုးဆေးများ လည်းရှိပါသည်။ ကာကွယ်ဆေးများသည် ခန္ဓာကိုယ်အတွင်းရောဂါကာကွယ်သော ပဋိပစ္စည်းများ ထုတ်လုပ်စေခြင်းဖြင့် ဗိုင်းရပ်စ်များခန္ဓာကိုယ်အတွင်းသို့ပြန့်ပွားမှုမရှိစေ ရန်အကာ အကွယ်ပေးသည်။ ဝက်သက်ရောဂါနှင့်ခွေးရူးပြန်ရောဂါတို့ကို ကာကွယ်ဆေးထိုးခြင်း အားဖြင့်ထိ ရောက်စွာကာကွယ်နိုင်ပါသည်။
ကိုးကားချက်များ။
1 BCC Science. (2013, January 24). Why can't we beat viruses? Retrieved from http://www.bbc.co.uk/science/0/21143412