ကာကွယ်ဆေးထိုးနှံခြင်း၏သဘောသဘာဝကို ၁၀ ရာစုနှစ် အစောပိုင်းတွင် တရုတ်ဆေးပညာရှင်တစ်ဦးမှ စတင် တွေ့ရှိခဲ့ ပါသည် ။ လူခန္ဓာကိုယ်တွင် ကိုယ်ခံအားဖြစ်ပေါ်လာစေရန်အတွက် အရေပြား ပေါ်၌ ရေကျောက်နမူနာ ပိုးများကို လိမ်းကျံခဲ့သည် ။ ထို့နောက် ဤစိတ်ကူးအကြံအစည်များသည် အာဖရိက (Africa) and တူရကီ (Turkey) သို့ ပျံ့နှံ့သွားပြီး နောက် ဥရောပ နှင့် အမေရိကား သို့ ရောက်ရှိသွားခဲ့သည် ၁၇၉၆ ခုနှစ်တွင် Edward Jenner ၏ နွားရေကျောက်ကို အသုံးပြု၍ တီထွင်ထားသည့် အရာအား လူ့ခန္ဓာကိုယ်အတွင်းသို့ ထိုးနှံခြင်းဖြင့် ရေကျောက်ရောဂါကို ကျယ်ကျယ်ပြန့်ပြန် ကာကွယ်နိုင်သော ကိုယ်ခံအား ဖြစ်ပေါ်လာစေရန် မျှော်လင့်ချက် ဖြင့်လုပ်ဆောင်ခဲ့သည် ။
ပထမဦးစွာ Jenner သည် မြို့အတွင်းနေထိုင်သော နွားနို့ညစ်သူ အမျိုးသမီးများ / နို့နှင့် နို့ထွက်ပစ္စည်းထုပ်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်ကြသော အမျိုးသမီးများတွင် ရေကျောက်ရောဂါ မဖြစ်ပွားသည်ကို သတိပြုမိခဲ့သည် ။ ထို့နောက် Jenner သည် သူ၏မြေးဖြစ်သူ James Phipps ၏ လက်မောင်းအား နွားရေကျောက် ပိုးရှိသော သတ္တုစဖြင့် ခြစ်စေသည် ။ ၎င်းကဲ့သို့ ပြုလုပ်ခြင်းသည် ကာကွယ်ဆေးထိုးခြင်းနှင့် အလားသဏ္ဍာန်တူသည် ။ နောက်ပိုင်းတွင် Jenner သည် သူ၏ မြေးတော်စပ်သူ James သည် ရေကျောက်ရောဂါပိုးနှင့် ထိတွေ့သော်လည်း ရောဂါမဖြစ်ပွား သည်ကို ရှာဖွေတွေ့ ရှိခဲ့ ပါသည် ။ သူ၏ရှာဖွေတွေ့ရှိမှုကို (Vaccination) ကာကွယ်ဆေးထိုးခြင်းဟု အမည်ပေးခဲ့ပါသည် ။
ကိုးကားချက်များ။
1 Riedel, S. (2005). Edward Jenner and the History of Smallpox and Vaccination. Baylor University Medical Center Proceedings,18(1), 21-25. doi:10.1080/08998280.2005.11928028
2 Bloom, D. E., Black, S., Salisbury, D., & Rappuoli, R. (2018). Antimicrobial resistance and the role of vaccines. Proceedings of the National Academy of Sciences,115(51), 12868-12871. doi:10.1073/pnas.1717157115