ပဋိဇီဝဆေး၏ခြေရာ
  
Translated

လူသားအားလုံး၏ ပြုမူလုပ်ဆောင် မှုတွင် ပဋိဇီဝဆေး အသုံးပြုမှု စုစုပေါင်း ပမာဏကို တိုင်းတာသော နည်းလမ်းတစ်ခုဖြစ်သည်။ ၄င်းထဲတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝှိုက် ၍သော်လည်းကောင်း လူသားများနှင့် စိုက်ပျိုးမွေးမြူရေးထွက် တိရစ္ဆာန်များ၏ ပဋိဇီဝဆေး သုံးစွဲမှု တို့ ပါဝင်ပါသည်။

 

 

တကမ္ဘာလုံးရှိ ပဋိဇီဝဆေး သုံးစွဲမှု စုစုပေါင်း ပမာဏအား သင်နားလည် သိရှိနိုင်ရန် ပဋိဇီဝဆေးခြေရာအား အသုံးပြုနိုင်သည်။

 

ဆေးယဉ်ပါးသောပိုးဆိုသည်မှာပဋိဇီဝဆေးဖြင့် သတ်၍မရသောရောဂါပိုးကိုဆိုလိုသည်။

ပဋိဇီဝဆေးခြေရာ အနည်းဆုံးဖြစ်အောင် မည်ကဲ့သို့ လုပ်ဆောင်နိုင်သနည်း။

 

 

Learning point

ပဋိဇီဝဆေးခြေရာ ဆိုသည်မှာ အဘယ်နည်း။

 

ပဋိဇီဝဆေးခြေရာ ကို ဂေဟဗေဒ စနစ်အပေါ်တွင် အကျိုးသက်ရောက်မှု ဖြစ်စေသည့် လူသားများနှင့် သက်ရှိသတ္တဝါများ (သတ္တဝါ နှင့် အပင်များ)၌ ပဋိဇီဝဆေး အသုံးပြုမှု၏ စုစုပေါင်း ပမာဏအား တိုင်းတာသည့် ကမ္ဘာ့နည်းလမ်းတစ်ခုအနေဖြင့် အဆိုပြုထားခဲ့ပြီး ဖြစ်သည်။ ကာဗွန် ခြေရာ နှင့် ပဋိဇီဝဆေးခြေရာ တို့တွင် သိသာထင်ရှားသော တူညီမှုများရှိသည်။

 

 

 

ပုံ (၁) ကာဗွန်ခြေရာ(ဘယ်) နှင့်  ပဋိဇီဝဆေးခြေရာ(ညာ)

 

 

အသက်ရှင်နေထိုင်မှုအတွက် အကျွန်ုပ်တို့ စွမ်းအင် အသုံးပြုရန် လိုအပ်နေချိန်တွင် ရုပ်ကြွင်း လောင်စာများ အလွန်အကျွံ ထုတ်ယူသုံးစွဲနေမှုများကြောင့် တကမ္ဘာလုံးတွင် ရာသီဥတု  ပြောင်းလဲမှုများ (ရာသီဥတု ဖောက်လွဲ ဖောက်ပြန်မှုများ) ဖြစ်ပေါ်လျက်ရှိသည်။ ထိုနည်းတူစွာ  ရောဂါပိုးမွှားများအား တိုက်ခိုက်ရန် အတွက် ကျွန်ုပ်တို့ ပဋိဇီဝဆေးများ လိုအပ်နေချိန်တွင်  ပဋိဇီဝဆေးများ အလွန်အကျွံ သုံးစွဲမှုနှင့် မမှန် မကန် သုံးစွဲမှု တို့ကြောင့် ပဋိဇီဝဆေးများ ကို ခုခံ နိုင်သော ဆေးယဉ်ပါး ရောဂါ ပိုးမွှားများ ပို ၍ ပို ၍ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

 

 

ပဋိဇီဝဆေးသုံးစွဲမှု လျော့နည်းအောင် တစ်ကမ္ဘာလုံး အနေဖြင့် ဆောင်ရွက်ခြင်းမရှိ ပါက ဆေးယဉ်ပါးပိုးမွှားများကြောင့် လူသားများပိုမို၍ အသက်ဆုံးရှုံးလာကြလိမ့်မည် ။ ပဋိဇီဝ ခြေရာသည် လူသားအားလုံးတွင် အသုံးပြုလျှက်ရှိသော စုစုပေါင်း ပဋိဇီဝဆေး ပမာဏ အား တိုင်းတာရန် ဖြစ်သည် ။ ၎င်းအထဲတွင်  လူထုအတွင်းနှင့်ဆေးရုံအဆင့်၌ တိုက်ရိုက်ပဋိဇီဝဆေး သုံးစွဲမှုနှင့် စိုက်ပျိုးမွေးမြူရေးတွင် အသုံးပြုသည့် တိုက်ရိုက်မဟုတ်သော (သွယ်ဝိုက်)ပဋိဇီဝဆေး သုံးစွဲမှုတို့ပါဝင်ပါသည် ။

 

 

တိုင်းပြည်တပြည်၏ ပဋိဇီဝဆေးခြေရာအား အသုံးပြု၍ ၎င်းတိုင်းပြည်ရှိ တိရိစ္ဆာန်များနှင့် လူသားများအတွက် သုံးစွဲသော စုစုပေါင်း ပဋိဇီဝဆေး သုံးစွဲမှု ပမာဏကို အကြမ်းဖျင်းအားဖြင့် ခန့်မှန်းတွက်ချက်နိုင်သည် ။ (ပုံ ၂ ကိုကြည့်ပါ) စိုက်ပျိုးမွေးမြူရေးတွင် အသုံးပြုသည့် ပဋိဇီဝ  ဆေးများမှာ ပဋိဇီဝခြေရာ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည် ။ အဘယ် ကြောင့်ဆိုသော် တိရိစ္ဆာန်များအားတိုက်ကျွေးသည့် ပဋိဇီဝဆေးအများစုမှာ ချေဖျက်ခြင်းမရှိဘဲ ရေအရင်းအမြစ်နှင့် အညစ်အကြေးစွန့် စနစ်အတွင်းသို့ ရောက်ရှိပြီး အနီးအနားရှိ ပတ်ဝန်း ကျင်နေရာများသို့ ဆေးယဉ်ပါး ပိုးမွှားများအား ပျံ့နှံ့သွားစေသည် ။

 

 

 

ပုံ (၂) . တကမ္ဘာလုံးရှိ တိုင်းပြည်အလိုက် ပြသထားသော ပဋိဇီဝဆေးခြေရာ (၂၀၁၅ ခုနှစ်) ပဋိဇီဝဆေးခြေရာ အကြောင်း ပို၍သိလိုပါက www.antibioticfootprint.net တွင် ဝင်ရောက်  ကြည့်ရှု့နိုင်ပါသည် ။

ဆက်စပ်နေသောစကားလုံးများ။ ပဋိဇီဝဆေး လွဲမှားစွာအသုံးပြုခြင်း (antibiotic misuse)။

 

ကိုးကားချက်များ။

1 Limmathurotsakul, D., Sandoe, J. A., Barrett, D. C., Corley, M., Hsu, L. Y., Mendelson, M., . . . Howard, P. (2019). ‘Antibiotic footprint’ as a communication tool to aid reduction of antibiotic consumption. Journal of Antimicrobial Chemotherapy. doi:10.1093/jac/dkz185

2 AntibioticFootprint. (n.d.). Retrieved from http://www.antibioticfootprint.net/

Related words.
Word of the month
New word
ဒေါင်းလုပ်

တစျခုလုံးကို AMR အဘိဓါန် Download ဒီမှာ