လူထုထံမှရောဂါပိုးကူးစက်ခံရခြင်း
  
Translated

နာမ်စားစကားလုံး-ဆေးရုံပြင်ပ(သို့)ကျန်းမာရေးစီမံကုသဆောင်ရွက်သည့်နေရာမှရောဂါပို့ကူးစက်ခံရခြင်းဖြစ်ပါ သည်။တနည်းအားဖြင့်ဆိုသော်မိမိရပ်ကွက်နေရာဒေသ(သို့)ပြည်သူလူထုထံမှရောဂါပိုးကူးစက်ခံရခြင်းဖြစ်ပါသည်။

 

ရောဂါပိုးကုစက်ခံရခြင်းကိုလွယ်ကူစွာလူထုထံမှ ရောဂါပိုးကူးစက်ခံရခြင်းနှင့် ဆေးရုံမှဆေးကုသရာဌာနမှရောဂါပိုးကူးစက်ခံရခြင်းဟှူ၍ ခွဲခြားနိုင်သည်။ ဤကဲ့သို့ခွဲခြားခြင်းဖြင့်ရောဂါပိုးသည် မည်သည့်နေရာမှ ကူးစက်ခံရနည်းဟု အဓိပ္ပါယ် သတ်မှတ်ရာတွင်အသုံးပြုပါသည်။

 

လူထုထံမှဘက်တီးရီးယားရောဂါကူးစက်ခံရခြင်းပြဿနာတွင်ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးမှုနှုန်းသည် မြင့်တက်လျှက်ရှိပါသည်။

 

သင်သည် ဆေးရုံသို့ အဆုတ်ရောဂါ ၊ ဆီးလမ်းကြောင်းထဲပိုးဝင်သည့်ရောဂါ ၊ ကူးစက်ရောဂါပိုးတစ်ခုခုကြောင့် ကိုယ်ခန္ဓာကဆိပ်တက်ခြင်း ဖြင့်လာရောက်ကူးသပါက သင်၏ ရောဂါပိုးကူးစက်ခံရခြင်းသည် လူထုထံမှ ရရှိသောရောဂါဖြစ်သည်ဟုသတ်မှတ်ပါသည်။

Learning point

အဘယ်ကြောင့်ကျွန်ုပ်တို့သည် လူထုထံမှ ရောဂါပိုးကူးစက်ခံရခြင်း (သို့) ဆေးရုံ ၊ ဆေးကူးသရာ ဌာနမှ ရောဂါပိုးကူးစက်ခံရခြင်းဟူ၍ အမျိုးအစားခွဲခြားရသနည်း။

 

လူထုထံမှ ရောဂါပိုးကူးစက်ခံရခြင်းလား ၊ ဆေးရုံ ၊ ဆေးကူးသရာ ဌာနမှ ရောဂါပိုးကူးစက် ခံရသလား ဆိုတာကိုသေချာစွာခွဲခြားသိရှိဖိုးလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်လျှော့ချ ဖို့အတွက်နည်းလမ်းများ၊ကာကွယ်ခြင်းလုပ်ငန်းဆောင်ရွက်ချက်များသည်တစ်ခုနှင့်တစ်ခုကွဲပြားသောကြောင့် ဖြစ် ပါသည်။ထိုနည်းတူပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်လျှော့ချခြင်းနည်းလမ်းများ၊စဉ်ဆက်မပြတ်လုပ်ငန်းထိရောက်ခြင်းရှိ ၊ မရှိစောင့်ကြည့်မှုလုပ်ငန်းများအတွက်လူ၊ငွေ၊အချိန်အရင်းအမြစ်စွမ်းအားအသုံးပြုမှုသည် လည်းကွဲပြားရပါမည်။

 

ဥပမာအားဖြင့်လူထုထံမှကူးစက်ရောဂါရရှိခြင်းကြောင်းပဋိဇီဝဆေးမမှန်မကန်သုံးစွဲခြင်းနှင့်အလွန် အကျွံသုံးစွဲခြင်း ကြောင်းပဋိဇီဝဆေးယဉ်ပါးမှုနှုန်းသည်ဆေးရုံမှရောဂါကူးစက်မှုခံရခြင်းဖြင့်ပဋိဇီဝဆေးယဉ်ပါးမှုနှုန်း ထက်ပိုမိုမြင့်မားပါသည်။ရေဆိုးရေညစ်စွန့်ထုတ်မှုကိုကောင်းစွာမပြုလုပ်နိုင်သောလူထုပတ်ဝန်းကျင်တွင် ပဋိဇီ ဝဆေးပါဝင်မှုနှုန်းသည် ထိုရေထဲတွင် မြင့်မားစွာရှိနေတတ်ပါသည်။ ထိုအခါ၌ လူတို့သည် သူတို့၏လက်ကို အမြဲတမ်းလက်ဆေးခြင်းအလေးအထမပြုလုပ်ခဲ့ဘူးဆိုပါ၎င်းပဋိဇီဝဆေးများသည်ထိုသူတို့၏ကိုယ်ခန္တာထဲ သို့ထိ တွင်ဝင်ရောက်နိုင်ပြီးလူထုထံရောဂါပိုးကူးစက်ဝင်ရောက်ခြင်းပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်ရှိ နိုင်ခြင်းအုပ်စုထဲသို့ ကျရောက်နိုင်ပါသည်။

 

ထိုနည်းထူစွာပဲ ပဋိဇီဝဆေးကို ဆေးရုံဆေးကုသမှုဌာနမှ မမှန်မကန်သုံးစွဲခြင်းနှင့်အလွန်အကျွံသုံးစွဲမှုကြောင်း ပဋိဇီဝဆေးယဉ်ပါးမှုနှုန်းသည် လူထုထံမှရောဂါပိုးကူးစက်ခြင်း ပဋိဇီဝဆေးယဉ်ပါးမှုနှုန်းထက်ပိုမိုမြင့်မားနိုင်ပါသည်။

ကျန်းမာရေးလုပ်သား၊လူနာနှင့်သူတို့၏ဆွေမျိုးများသည် သင့်လျှော်သောလက်ဆေးမှု အလေးအထမပြုလုပ်ခဲ့လျှင် ၄င်းတို့သည်ပဋိဇီဝဆေးယဉ်ပါးမှုရှိသောဆေးရုံပတ်ဝန်းကျင်နှင့်ထိတွေ့ခံရပြီးနောက်ပဋိဇီဝဆေးယဉ်ပါးမှု အန္တ ရာယ်ဖြစ်နိုင်ချေရှိသော အုပ်စုဖြစ်နိုင်ပါသည်။

 

လူထုတွင်ရောဂါကူးဆက်ခံရခြင်းပဋိဇီဝဆေးယဉ်ပါးမှုလျော့ချနိုင်ရေးအတွက်ပဋိဇီဝဆေးယဉ်ပါးမှု ကာ ကွယ်တိုက် ဖျက်ရေးလုပ်ငန်းအသင်းသည်ပြည်သူလူထု၌အာရုံစိုက်လုပ်ငန်းဆောင်ရွက်ချက်များပြုလုပ်ရမည်။ ထို့အတူ ဆေးရုံ ထံမှရောဂါကူးစက်ခံရခြင်းပဋိဇီဝဆေးယဉ်ပါးမှုလျော့ချနိုင်ရေးအတွက်ပဋိဇီဝဆေးယဉ်ပါးမှုကာကွယ် တိုက်ဖျက် ရေးလုပ်ငန်းအဖွဲ့သည်ကျန်းမာရေးလုပ်သားများ၊လူနာနှင့်လူနာဆွေမျိုးများကိုသာ လုပ်ငန်း ဆောင် ရွက် ချက်များပြုလုပ်ရမည်။

 

ဆရာဝန်များသည်လူနာရာဇဝင်သေချာစွာမေးမြန်းခြင်းဖြင့်လူထုထံမှရောဂါကူးဆက်ခံရခြင်း(သို့) ဆေးရုံမှရောဂါ ကူးဆက်ခံရခြင်းလားသူကိုယ်တိုင်သတ်မှတ်နိုင်သည်။သို့သော်လည်းအောက်ပါအတိုင်းရိုးရှင်း အဓိပ္ပါယ် သတ် မှတ်ပါသည်။ အကယ်၍ ပြင်ပလူနာဌာန သွေးနှင့်ဆီးမှဓါတ်ခွဲစမ်းသပ်ဖို့ နမူနာယူ၍စမ်းသပ်ပါက ရောဂါပိုး ပေါက်ဖွားလာခဲ့လျှင် (သို့) လွန်ခဲ့သော ၂ ရက်အတွင်းက ဆေးရုံတက်ခဲ့သောလူနာမှ ဆီးနှင့်သွေး နမူနာမှ ရောဂါပိုးပေါက်ဖွားခဲ့လျှင် ၄င်းသည်လူထုထံမှ ရောဂါကူးစက်ခြင်းဖြစ်ပါသည်။

Related words.
Word of the month
New word
ဒေါင်းလုပ်

တစျခုလုံးကို AMR အဘိဓါန် Download ဒီမှာ