ဆေးအများအပြားယဉ်ပါးသော
  
Translated

ဆေးအများအပြား (ပဋိဇီဝပိုးသတ်ဆေး၊ ပဋိဇီဝဗိုင်းရပ်စ်သတ်ဆေး၊ ပဋိဇီဝမှိုသတ်ဆေးနှင့် ပဋိဇီဝကပ်ပါးကောင်သတ်ဆေး များအပါအဝင်) အသုံးမ၀င် အစွမ်းမထက်အောင် ပြုလုပ်နိုင်သော စွမ်းရည်။

 

 

“ဆေးအများအပြားယဉ်ပါးသော ဘက်တီးရီးယား ပိုးများသည် အန္တရာယ်ကြီးပြီး ပြည်သူ့ကျန်းမာရေး အတွက်ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်ပြီး ယင်းပိုးများသည် ပဋိဇီဝပိုးသတ်ဆေး အများအပြားကို လည်းယဉ်ပါးနေနိုင်ပါသည်။”

 

“ဆေးယဉ်ပါးသောတီဘီရောဂါ အတွက် ကုထုံးအသစ်မှာ ၉လ မှ ၁၁လ ထိ ကြာမြင့်ပါသည်။”

 

နီးစပ် စကားလုံးများ

 

ဆေးအများအပြား ယဉ်ပါးခြင်း

ပဋိဇီဝပိုးသတ်ဆေးအများအပြား  အသုံးမ၀င် အစွမ်းမထက်အောင် ပြုလုပ်နိုင်သော ပိုးမွှားငယ်များ၏ စွမ်းရည်။

 

“ငှက်ဖျားပိုးများသည် ပထမတန်း အသုံးပြုနေသော ငှက်ဖျားဆေး အများအပြားကို လျင်မြန်စွာ ဆေးယဉ်ပါး နိုင်ပြီး အထူးသဖြင့် လူနာမှ ငှက်ဖျားဆေးများကို ညွှန်ကြားချက်အတိုင်း ဆေးပတ်လည်အောင် မသောက်လျှင် ဖြစ်နိုင်ပါသည်။”

 

 “ဆေးယဉ်ပါး ခြင်းနှင့် အတူ ပိုးမွှားများ ပိုမိုအစွမ်းထက်လာခြင်း ကလည်း လက်ရှိ အခြေအနေ ကို ပိုမိုဆိုးဝါးစေပါတယ်”

 

ဆေးအလွန်အမင်း ယဉ်ပါးခြင်း

 

ပဋိဇီဝပိုးသတ်ဆေးအုပ်စုအများအပြား  အသုံးမ၀င် အစွမ်းမထက်အောင် ပြုလုပ်နိုင်သော ပိုးမွှားငယ်များ၏ စွမ်းရည်။ ယင်းပိုးမွှားငယ်များ ကို သတ်ရန် ပဋိဇီဝပိုးသတ်ဆေးအုပ်စု တစ်ခု၊ နှစ်ခု လောက်သာကျန်တော့သည်။.

 

ဆေးအားလုံး ယဉ်ပါးခြင်း

ပဋိဇီဝပိုးသတ်ဆေးအုပ်စုအားလုံး  အသုံးမ၀င် အစွမ်းမထက်အောင် ပြုလုပ်နိုင်သော ပိုးမွှားငယ်များ၏ စွမ်းရည်။ ယင်းပိုးမွှားငယ်များ မှာ ပိုးသတ်ဆေးအားလုံးကို ယဉ်ပါးနေပြီဖြစ်သည်။

Learning point

ဆေးအများအပြားယဉ်ပါးခြင်းသည် လူလုပ်သောပြဿနာဖြစ်သည်

 

ဆေးအများအပြားယဉ်ပါးခြင်း အများစုသည် လူလုပ်သောပြဿနာဖြစ်သည်။ ဥပမာ- ဆေးယဉ်ပါးတီဘီ ရောဂါသည် တီဘီဆေး အလုံအလောက် မသောက်ခြင်း (သို့မဟုတ်) မသင့်လျော်သော  တီဘီဆေးတိုက်ကျွေးမှုများကြောင့် ဖြစ်သည်။[1] ဆေး၏ဘေးထွက်ဆိုးကျိုး များနှင့် ကာလကြာရည်သောက်သုံးရန် လိုအပ်မှုတို့ကြောင့် မသင့်လျော်သော တီဘီဆေးတိုက်ကျွေးမှုများမှာ အတွေ့ရများပါသည်။ လူနာက ရောဂါသက်သာလာသောအခါ သောက်သုံးရန် ညွှန်ကြား ထားသောဆေးများ ကိုရပ်လိုက်ကြပါသည်။ ခန္ဓာကိုယ်ထဲရှိ တီဘီပိုးများ မှာကျန်ရှိနေသေး သောကြောင့် ယင်းပိုးများမှာ သောက်လက်စ ပထမတန်းတီဘီဆေးများကို ယဉ်ပါးလာပါသည်။ လူနာနောက် တစ်ကြိမ် တီဘီပြန်ဖြစ်သောအခါ ပထမတန်းတီဘီဆေးများသုံးပြီး ကုသ၍ မရတော့သည့်အပြင် အလွန်အမင်း ကူးစက်လွယ်ပြီး သေစေနုင်ပါသည်။

 

ကာဘာပီနန်ဆေးယဉ်ပါးသော အူတွင်းဘက်တီရီးယားပိုးသည် ဆေးအများအပြားယဉ်ပါးသော ပိုးအုပ်စု ဖြစ်သည်။ ယင်းပိုးများသည် ဆင့်ကဲပြောင်းလဲလာသောကြောင့် ပဋိဇီဝပိုးသတ်ဆေးအများစု မှာ အသုံးမဝင်ပဲ “စူပါပိုးမွှား” အဖြစ်သိကြသည်။ ကိုလစတင် သည် နောက်ဆုံးလက်ကျန် ပဋိဇီဝပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီး  ကာဘာပီနန်ဆေးယဉ်ပါးသော အူတွင်းဘက်တီရီးယားပိုး နှင့် အခြား ဆေးအများအပြားယဉ်ပါးသော ဘက်တီးရီးယားပိုးများကြောင့် ဖြစ်သော ကူးစက်ရောဂါများကို ကုသရာတွင်သုံးသည်။  ဆေးရုံ နှင့် လူထုအတွင်း ပဋိဇီဝပိုးသတ်ဆေးအလွန်အကျွံ သုံးစွဲခြင်းက  ကာဘာပီနန်ဆေးယဉ်ပါးသော အူတွင်းဘက်တီရီးယားပိုး ကဲ့သို့သော ပိုးများဖြစ်ပေါ်စေပါသည်။ ထိုကဲ့သို့ ဆေးယဉ်ပါးသောဘက်တီရီးယားပိုး များက အခြားလူများထံသို့ လည်းကူးစက်နိုင်ပါသည်။ အကယ်၍သင် လတ်တလောဆေးရုံတက်ထားပါက (သို့မဟုတ်) ရေရှည်စောင့်ရှောက်မှု ပေးသောနေရာများ (သို့မဟုတ်) ပဋိဇီဝပိုးသတ်ဆေးသောက်သုံးထားပါက   သင်လည်း ကာဘာပီနန်ဆေးယဉ်ပါးသော အူတွင်းဘက်တီရီးယားပိုး ကူးစက်ခံရဖို့ အခွင့်အလန်း များပါသည်။ ကာဘာပီနန်ဆေးယဉ်ပါးသော အူတွင်းဘက်တီရီးယားပိုး ကူးစက်ခံရောဂါက သေစေနိုင်ပါသည်။

 

ဆေးအများအပြားယဉ်ပါးသော အစီနီတိုဘက်တာပိုးကို ကျန်းမာရေးစောင့်ရှောက်မှု နေရာများနှင့် ပတ်သက်သော အရေးကြီးသည့် ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးသော ရောဂါပိုးအဖြစ် အသိအမှတ်ပြုလာကြသည်။ သမိုင်းကိုပြန်ကြည့်သော် ကာဘာပီနန်ပဋိဇီဝပိုးသတ်ဆေးအုပ်စုသည် ဆေးအများအပြားယဉ်ပါးသော အစီနီတိုဘက်တာပိုးအတွက်အကောင်းဆုံးကုသမှု ဖြစ်ခဲ့သည်။ သို့သော်လည်း ပဋိဇီဝပိုးသတ်ဆေး လွဲမှားအသုံးပြုမှု နှင့် အလွန်အကျွံအသုံးပြုမှုတို့ကြောင့် ကာဘာပီနန်ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးသော အစီနီတိုဘက်တာပိုး များပေါ်ပေါက် ပျံ့နှံ့ လာရခြင်း ဖြစ်သည်။ ဆေးအများအပြားယဉ်ပါးသော အစီနီတိုဘက်တာပိုး သည်ပြင်းထန်သောကူးစက်ရောဂါ များကိုဖြစ်စေပြီး  ကုသရန်ခက်ခဲပါသည်။

 

ဆေးအများအပြားယဉ်ပါးခြင်း ပြဿနာကို ကိုင်တွယ်ရန်အတွက် ဆေးရုံများ အနေဖြင့် သန့်ရှင်းရေး လုပ်ငန်းများ စနစ်တကျလုပ်ဆောင်ရမည်ဖြစ်ပြီး ဆေးရုံရှိလူတိုင်း လူနာများနှင့် ပတ်ဝန်းကျင်ရှိ အရာများအား မထိခင်နှင့် ထိပြီးတိုင်း လက်ဆေးခြင်း၊ ပဋိဇီဝပိုးသတ်ဆေး ကွပ်ကဲလမ်းညွှန်မှု ဆိုင်ရာ အစီအစဉ်များချမှတ်ပြီး အကောင်အထည်ဖော် ကြီးကြပ်ဆောင်ရွှက်ခြင်း များကိုစတင်လုပ်ဆောင် ရပါမည်။ ပြည်သူလူထုကလည်း လက်ဆေးခြင်း၊ သန့်ရှင်းစွာနေထိုင်ခြင်း၊ ပဋိဇီဝပိုးသတ်ဆေး လွဲမှား အသုံးပြုမှု နှင့် အလွန်အကျွံအသုံးပြုမှု တို့ကို ရပ်သန့်ရမည်ဖြစ်ပါသည်။

 

စူပါပိုးမွှား (သို့မဟုတ်) ဆေးအများအပြား ယဉ်ပါးမှုပြဿနာများကို လျော့နည်းအောင် မည်သို့လုပ်ဆောင်ရမည်ကို ထပ်မံသိရှိလိုပါက အောက်ပါ ခေါင်းစဉ်များတွင် ဖတ်ရရှုပါ။ “ပဋိဇီဝပိုးသတ်ဆေး လွဲမှားအသုံးပြုမှု” “ပဋိဇီဝပိုးသတ်ဆေး အကြောင်း သိရှိနားလည်မှု” “ပဋိဇီဝပိုးသတ်ဆေး အသုံးပြုမှု” နှင့် “ပဋိဇီဝပိုးသတ်ဆေး ကွပ်ကဲလမ်းညွှန်မှု”

 

ကိုးကားချက်များ။

1 Huber, C. (2017, March 20). The Causes of Multi-Drug Resistant Tuberculosis. The Borgen Project. Retrieved from https://borgenproject.org/causes-multi-drug-resistant-tuberculosis/

Related words.
Word of the month
New word
ဒေါင်းလုပ်

တစျခုလုံးကို AMR အဘိဓါန် Download ဒီမှာ