ပဋိဇီဝပိုးသတ်ဆေး အကြောင်း သိရှိနားလည်မှု
  
Translated

သင့်တော်သော ပဋိဇီဝပိုးသတ်ဆေး အသုံးပြုမှု နှင့် ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးမှုကို ကာကွယ်ခြင်း များနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို သိရှိနားလည်၊ သုံးသပ်၊ အသုံးချနိုင်သော စွမ်းရည်။

 

"ကျွန်ုပ်တို့ စစ်တမ်းကောက်ယူထားသော လူနာအရေအတွက်ထက်ဝက်ကျော်သည် ပဋိဇီဝပိုးသတ်ဆေး သည် ဗိုင်းရပ်စ်ကိုမသတ်နိုင်ကြောင်း သိသော်လည်း လိုလိုမယ်မယ်သဘောဖြင့် ပဋိဇီဝပိုးသတ်ဆေး သောက်ရန်သဘောတူကြသည်။[1]"

 

"မြင့်မားသော ဆေးယဉ်ပါးနှုန်းနှင့်  သာမာန်လူထု၏ ပဋိဇီဝပိုးသတ်ဆေးဆိုင်ရာ  နိမ့်ပါးသော အသိပညာ တို့သည် အန္တရာယ်ရှိလောက်အောင် ထိပ်တိုက် ရင်ဆိုင်တွေ့နေကြပြီးဖြစ်သည်။ [2]"

 

Learning point

ပဋိဇီဝပိုးသတ်ဆေးနှင့် ပတ်သက်သောလွဲမှားလေ့ရှိသည့် အယူအဆ များ

 

ကျွန်ုပ်တို့ အားလုံးနီးပါးသည် ကျွန်ုပ်တို့ဘဝတွင် ပဋိဇီဝပိုးသတ်ဆေး အနည်းဆုံးတစ်ကြိမ်တော့ သောက်ခဲ့ဖူးကြသည်။ ဆေးယဉ်ပါးဘက်တီးရီးယားနှင့် ကျွန်ုပ်တို့လူသားများအကြား ဆက်စပ်မှုကို တစ်ခါတစ်ရံ နားမလည်နိုင်သော အခါတွင် ဆေးယဉ်ပါးမှုသည် ကမ္ဘာတစ်ဝမ်းတွင် ပြသနာတစ်ခုအဖြစ် ဆက်ရှိနေသည်။ ဆေးယဉ်ပါးမှုနှင့် ၄င်းကိုကာကွယ်ရန်အတွက်ကျွန်ုပ်တို့ ဘာလုပ်နိုင်သလဲ နှင့် ပက်သက်၍ရှုပ်ထွေးလျက်ရှိသည်။ နိုင်ငံပေါင်း ၁၂နိုင်ငံမှ ဖြေဆိုသူပေါင်း ၁၀၀၀၀ ပါဝင်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းတစ်ခုအရ ပဋိဇီဝပိုးသတ်ဆေးနှင့် ပက်သက်သည့်အသိပညာသည် ပါဝင်သူသုံးပုံနှစ်ပုံတွင် ရှင်းလင်းစွာ နိမ့်ပါးနေကြောင်းတွေ့ရသည်။ [1] ပါဝင်သူသုံးပုံတစ်ပုံက အယူအဆလွဲမှာနေသည်မှာ ရောဂါသက်သာလာလျှင် ဆေးကိုကုန်အောင်သောက်စရာမလိုပဲ ရပ်ပစ်နိုင်သည် ဟုဖြစ်သည်။ ပါဝင်သူလေးပုံသုံးပုံကလည်း ဆေးယဉ်ပါးခြင်းဆိုသည်မှာ လူ၏ခန္ဓာကိုယ်က ပဋိဇီဝပိုးသတ်ဆေးကို ခံနိုင်ရည်ရှိလာခြင်း ဟု လွဲမှားစွာယုံကြည်ကြသည်။[1]

 

လူများသည် ဆေးယဉ်ပါးခြင်းပြသနာကို လစ်လျူရှုနေကြသည်။ ထင်ရှားသော အယူအဆလွဲမှာ လူ၏ခန္ဓာကိုယ်က ပဋိဇီဝပိုးသတ်ဆေးကို ခံနိုင်ရည်ရှိလာခြင်း ဟုယုံကြည်မှုကြောင့် အခြားအယူအဆ လွဲဖြစ်သည့် ဆေးယဉ်ပါးခြင်းပြသနာသည် ပဋိဇီဝပိုးသတ်ဆေး ကို လက်ရှိသောက်သုံးနေသူများ နှင့် သာသက်ဆိုင်သည် ဟုလက်ခံထားသည်။[2] အမှန်တရားမှာ ဘက်တီးရီးယားပိုးသည် ပဋိဇီဝပိုးသတ်ဆေး များကိုခံနိုင်ရည်ရှိလာပြီး ဆေးယဉ်ပါးဘက်တီးရီးယားသည် လူတစ်ဦးမှ တစ်ဦးသို့ကူးစက်နိုင်သည် ။ ဆိုလိုသည်မှာ သင်ကိုယ်တိုင်က ပဋိဇီဝပိုးသတ်ဆေး မသောက်သော်လည်း ဆေးယဉ်ပါးသည့် ဘက်တီးရီးယားပိုးသည် သင့်ကိုကူးစက်နိုင်သည် ။

 

သင့်တော်သော ပဋိဇီဝပိုးသတ်ဆေးသုံးစွဲမှုနှင့် ဆေးယဉ်ပါးခြင်းအကြောင်း သင်ဘယ်လောက် သိသလဲ?

 

၁။ ပဋိဇီဝပိုးသတ်ဆေးများသည် နှာစေးအအေးမိခြင်းကို ပျောက်ကင်းအောင်ကုသပေးနိုင်သည်။ (မှန်၊မှား)

 

၂။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည် ပဋိဇီဝပိုးသတ်ဆေးများကိုခံနိုင်ရည်ရှိလာခြင်းကို ဆေးယဉ်ပါးခြင်း ဟုခေါ်သည်။(မှန်၊မှား)

 

၃။ သင်၏ ပဋိဇီဝပိုးသတ်ဆေးသုံးစွဲမှုကြောင့် ဆေးယဉ်ပါးခြင်းကိုဖြစ်စေနိုင်သည်။(မှန်၊မှား)

 

၎။ ပဋိဇီဝပိုးသတ်ဆေးများကိုတိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းများတွင် အသုံးပြုခြင်းကြောင့်ဆေးယဉ် ပါးမှုကိုဖြစ်စေသည်။(မှန်၊မှား)

 

၅။ ဆေးယဉ်ပါးဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါများသည် ဆေးယဉ်ပါး ဘက်တီးရီးယားပိုးရှိသော လူများကို ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်သည်။(မှန်၊မှား)

 

၆။ ဆေးယဉ်ပါးဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါများသည်  ဆေးယဉ်ပါး ဘက်တီးရီးယားပိုးများ ကိုသယ်ဆောင်ထားသော  တိရိစ္ဆာန်အရှင်များ၊ ရေ (သို့မဟုတ်) အစားအသောက် များကိုထိတွေ့ခြင်းမှတစ်ဆင့်ကူးစက်နိုင်သည်။(မှန်၊မှား)

 

၇။ ကာကွယ်ဆေးပုံမှန်ထိုးခြင်း ပုံမှန်နှင့်စနစ်တကျ လက်ဆေးခြင်း တစ်ကိုယ်ရည်သန့်ရှင်းရေးတို့ဖြင့် ကမ္ဘာကြီးကို ဆေးယဉ်ပါးမှုတိုက်ဖျက်ရန်အတွက် ကူညီပေးနိုင်သည်။(မှန်၊မှား)

 

အဖြေမှန်များ

၁။ မှားသည် နှာစေးအအေးမိခြင်းသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ပဋိဇီဝပိုးသတ်ဆေးသည် ဗိုင်းရပ်စ်ကိုမသတ်နိုင်ပါ ဖျားနာသည့်ကာလ ကိုလည်း မလျှော့ချနိုင်ပါ ရောဂါလက္ခာများ ကိုလည်းမသက်သာစေပါ။

ပိုမိုဖတ်ရှုရန်အတွက် ဤနေရာကိုနှိပ်ပါ here

 

၂။ မှားသည်။ ပဋိဇီဝပိုးသတ်ဆေးအလွန်အကျွံသုံးစွဲခြင်းကြောင့် သင်၏ခန္ဓာကိုယ်သည် ပဋိဇီဝပိုးသတ်ဆေးများကို ခံနိုင်ရည်ရှိမလာပါ ။ပဋိဇီဝပိုးသတ်ဆေးအလွန်အကျွံသုံးစွဲခြင်းကြောင့်ဘက်တီးရီးယားပိုးများသည် ပဋိဇီဝပိုးသတ်ဆေးများကို ယဉ်ပါးလာပြီး လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်

 

၃။ မှန်သည်။ ပဋိဇီဝပိုးသတ်ဆေးသုံးစွဲမှုကြောင့် ဆေးယဉ်ပါးခြင်း ဖြစ်ပွားနိုင်ပုံကို ဖတ်ရန် ဤနေရာကိုနှိပ်ပါ။

here

 

၎။ မှန်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ပဋိဇီဝပိုးသတ်ဆေး ယဉ်ပါးမှု ဖြစ်ပွားပုံကို ဖတ်ရန် ဤနေရာကိုနှိပ်ပါ။ here

 

၅။ မှန်သည်။ ဆေးယဉ်ပါးဘက်တီးရီးယားပိုးရှိသော လူများကို ထိတွေ့ခြင်းဖြင့်  ဆေးယဉ်ပါးဘက်တီးရီးယားပိုး ကူးစက်နိုင်သည် ပိုမိုလေ့လာရန် ဤနေရာကိုနှိပ်ပါ။ click here.

 

၆။ မှန်သည်။ အစားအစာ ဘေးကင်းရေးနှင့် သန့်ရှင်းအောင်ကာကွယ်ရေး အကြောင်း ပိုမိုဖတ်ရှုရန် ဤနေရာကိုနှိပ်ပါ။ click here.

 

၇။ မှန်သည်။ ဆေးယဉ်ပါးခြင်းကိုဖြေရှင်းရန်အရေးကြီးကြောင်း နားလည်ရန်အတွက် ဖတ်ရှုရန် ဤနေရာကိုနှိပ်ပါ။ here

 

 

 

ကိုးကားချက်များ။

1 WHO. (n.d.). Antibiotic Resistance: Multi-Country Public Awareness Survey. www.who.int. ISBN 978 92 4 150981 7

2 Ramsey, L. (2017, February 23). A growing threat could kill 10 million people a year by 2050. Retrieved from https://www.businessinsider.com/biggest-misconception-about-antibiotic-resistance-2017-2

Related words.
Word of the month
New word
Download

Download entire AMR dictionary here