ဘက်တီးရီးယား
  
Translated

သာမာန်မျက်စိဖြင့်မမြင်နိုင်သော အလွန်သေးငယ်သောအနုဇီဝပိုးမွှားများဖြစ်ပြီး နေရာတိုင်းတွင်ရှိ နေနိုင်ပါသည်။ ဘက်တီးရီးယားပိုးသည်သက်ရှိကလာပ်စည်းဗဟိုချက်မပါသောဆဲလ်အမျိုးအစားဖြစ်သည်။

 

“ဘက်တီးရီးယားပိုးသည်လျှင်မြန်စွာပြန့်ပွားနိုင်ပါသည်။ ဘက်တီးရီးယားပိုးသည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ပြီးနောက်အဆိပ်တောက်များထုတ်၍ကျွန်ုပ်တို့ကိုဖျားနာစေပါသည်။ ဘက်တီးရီးယားပိုးသည် သွေးဆိပ်တက်ခြင်း၊ အဆုတ်ရောင်နမိုးနီးယားနှင့်အစာအဆိပ်သင့်ခြင်း တို့ကိုဖြစ်စေနိုင်ပါသည်။”

 

“ဘက်တီးရီးယားပိုးများကို အချဉ်ဖောက်၍ချိစ်နှင့်ဒိန်ချဉ်ထုတ်လုပ်ရာတွင်လည်းအသုံးပြုသည်။ ပဋီဇီဝဆေးထုတ်လုပ်ခြင်းနှင့်ဓါတုပစ္စည်းများထုတ်လုပ်ခြင်းတွင်လည်းအသုံးပြုသည်။”

 

အဓိပ္ပာယ်တူစကားလုံးများ

ဘက်တီးရီးယမ်

ဘတ်တီးရီးယားတစ်ကောင်တည်း ကိုခေါ်သော

 

ဘတ်တီးရီရယ်

ဘတ်တီးရီးယားကြောင့်ဖြစ်သော

Learning point

ကောင်းသောဘက်တီးရီးယားနှင့်ဆိုးသောဘက်တီးရီးယားပိုး

 

ဘက်တီးရီးယားများသည်ကမ္ဘာဦးအစတွင်ဖြစ်ပေါ်လာသော အလွန်ရှေးကျသောသက်ရှိများဖြစ်သည်။ ဘက်တီးရီးယားများသည် မြေကြီး၊ အပင်၊ ရေမျက်နှာပြင်ပေါ်နှင့်အရာဝတ္ထုတိုင်း၏မျက်နှာပြင်ပေါ်တွင်ရှိ နေနိုင်သည်။ သင်သည်ဘက်တီးရီးယားပိုးကို လက်ဆွဲနုတ်ဆက်ခြင်းဖြင့်၊ (သို့) တံခါးလက်ကိုင်ကို ကိုင်တွယ် ခြင်းဖြင့်ထိတွေ့နိုင်ပါသည်။

 

ကောင်းသောဘက်တီးရီးယားများစွာရှိပါသည်။ ထို ဘက်တီးရီးယားများသည် သေဆုံးပြီးသော သတ္တဝါများ နှင့် အပင်များဆွေးမြေ့ခြင်း၊ မိလာစနစ်သန့်စင်ခြင်း နှင့် ညစ်ညမ်းသောဆီများကို သန့်စင်ရာ တွင်အသုံး ပြုသည်။ ကျွန်ုပ်တို့ အူလမ်းကြောင်းအတွင်းနေထိုင်သော အချို့သော ဘက်တီးရီးယားများသည် အစာချေဖျက်ခြင်း လုပ်ငန်းစဉ် နှင့် ၊ အန္တရာယ်ရှိသောပိုးမွှားများကိုနှိမ်နင်းခြင်း တို့ကိုလုပ်ဆောင် ပေးပါသည်။ ဆိုးသော ဘက်တီးရီးယားများမှာ လူသားများကိုရောဂါဖြစ်ပွားစေနိုင်ပါသည်။ ဥပမာ- နမိုးနီးယားပိုး (Streptococcus pneumonia) ၊ ဦးနှောက်မြှေးပါးရောင်ရောဂါပိုး (Haemophilus influenza) လည်ချောင်ရောင်ရောဂါပိုး  (Group A Streptococcus) နှင့် အစာအဆိပ်သင့်ပိုး (Escherichia coli and Salmonella) တို့ဖြစ်သည်။ ထို “ဆိုးသော” အန္တရာယ်ဖြစ်စေသော ဘက်တီးရီးယားများ ထိတွေ့ခြင်းနည်းစေရန် လက်ဆေးခြင်း ၊ မီးဖိုချောင်နှင့် သန့်စင်ခန်း သန့်ရှင်းရေး တို့ကိုမှန်ကန်စွာ ဆောင်ရွက်ရန်လိုအပ်ပါသည်။

 

ယေဘုယအား ဖြင့်ဆိုသော် ဘက်တီးရီးယားများသည် ရှုပ်ထွေးသောပတ်ဝန်းကျင်၌နေထိုင်ကြသည်။ အချို့သော ဘက်တီးရီးယားနှင့် ဖန်းဂတ်စ်(မှို) များ သည် ပဋိဇီဝပိုးသတ်ဆေးဝါးများထုတ်လုပ်ရန်အ သုံးပြု၍ အခြား ပိုးမွှားများကိုသတ်နိုင်ပါသည်။ အချို့သော ဘက်တီးရီးယားပိုးမွှားများသည် သဘာဝ အလျောက်ပဋိဇီဝဆေးဝါးများကိုယဉ်ပါး၍ ရှင်သန်နိုင်ကြသည်။

 

အထူးသဖြင့် ကျွန်ုပ်တို့လူသားများသည် ပဋိဇီဝပိုးသတ်ဆေးဝါးကို မလိုအပ်ဘဲ အလွန်အကျွန်သုံးစွဲ ခြင်း အားဖြင့် ဆေးယဉ်ပါးမှုကိုပို၍ လျှင်မြန်စွာဖြစ်ပေါ်စေပြီး၊ ဆေးမတိုးသည့် အခြေအနေများကို ရောက်ရှိနိုင်ပါသည်။ ထို့ကြောင့်ကျွန်ုပ်တို့သည် အမှန်တကယ်မလိုအပ်ပဲ ပဋိဇီဝပိုးသတ်ဆေးဝါးများ သုံးစွဲခြင်းမှရှောင်ကြဉ်သင့်ပါသည်။

အချုပ်အားဖြင့်ဆိုသော် ပဋိဇီဝပိုးသတ်ဆေးဝါးများ အလွန်အကျွန်သုံးစွဲခြင်းဖြင့် ကောင်းသော ဘက်တီးရီးယား ပိုးမွှားများသေဆုံးခြင်းမရှိစေရန် သတိပြုသင့်ပါသည်။

Related words.
Word of the month
New word
ဒေါင်းလုပ်

တစျခုလုံးကို AMR အဘိဓါန် Download ဒီမှာ