ကာကွယ်ဆေး
  
Translated

မိမိခန္ဓာကိုယ်အား ရောဂါဖြစ်ခြင်းမှ ကာကွယ်ရန်အတွက် ခန္ဓာကိုယ်တွင် ထိုးနှံရသော ဆေးဖြစ်ပြီး မိမိတို့၏ ကိုယ်ခံအားစနစ်ပိုမိုကောင်းမွန်လာစေသည် ။

 

ကလေးသူငယ်များသာမက အရွယ်ရောက်ပြီးသားသူများပါ ကာကွယ်ဆေးများထိုးနှံရန် လိုအပ်သည် ။ တုပ်ကွေးနှင့် ကြက်ညှာဆုံဆို့ ကာကွယ်ဆေးများသည်  အချို့အကြံပြုချက်များတွင် ပါဝင်ပါသည် ။

 

ဆေးယဉ်ပါးမှုပြဿနာအား တိုက်ဖျက်ရာတွင် ကာကွယ်ဆေးသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။ ကာကွယ်ဆေးများသည် ရောဂါပိုးမွှားကူးစက်မှုများ ပျံ့နှံ့ခြင်းကို ရပ်တန့်စေနိုင်သည် ။ပဋိဇီဝဆေးလွဲမှားစွာ အသုံးပြုခြင်းနှင့်အလွန်အကျွံသုံးစွဲမှုများအား လျော့နည်းစေနိုင်ပါသည် ။

 

 

ကာကွယ်ဆေးထိုးနှံခြင်း (Vaccination)

 

ရောဂါအန္တရာယ်များမှ ကာကွယ်ရန်အတွက် ကိုယ်ခန္ဓာခုခံအားစနစ် ပိုကောင်းလာစေရန်အလို့ငှာ လူတစ်ယောက် (သို့) တိရိစ္ဆာန်တစ်ကောင်းအား ကာကွယ်ဆေးပေးခြင်းကို ကာကွယ်ဆေးထိုးနှံခြင်းဟုခေါ်သည် ။

 

တုပ်ကွေးရောဂါ (Influenza) ကဲ့သို့သော ရောဂါများကို ကိုယ်ခန္ဓာခုခံအားစနစ်မှ တိုက်ခိုက် /  တိုက်ဖျက်ရန်အတွက် ကာကွယ်ဆေးထိုးခြင်းက လုပ်ဆောင်ပေးသည် ။လက်တင်ဘာသာစကားအရ “Vacca” ဆိုသည်မှာ နွား (Cow) နှင့် “Vaccina” ဆိုသည်မှာ နွားရေကျောက်ဟု အဓိပ္ပါယ်ရသည် ။

 

ကာကွယ်ဆေးထိုးနှံခြင်းသည် ပြင်ပမှ ဝင်ရောက်လာသောပိုးမွှားများအား ကိုယ်ခန္ဓာခုခံအားစနစ်မှ မှတ်မိသိရှိ  နေစေရန် လှုံဆော်ပေးသည်။ သို့မှသာ နောက်တစ်ကြိမ် ပိုးမွှားများဝင်ရောက်လာပါက သင်သည် ဖျားနာခြင်းကို ခံစားရလိမ့်မည်မဟုတ်ပါ ။

 

Learning point

ကာကွယ်ဆေးများကို ရှာဖွေတွေ့ရှိမှုနှင့် ၎င်း၏ထိရောက်မှု

 

ကာကွယ်ဆေးထိုးနှံခြင်း၏သဘောသဘာဝကို ၁၀ ရာစုနှစ် အစောပိုင်းတွင် တရုတ်ဆေးပညာရှင်တစ်ဦးမှ စတင်  တွေ့ရှိခဲ့ ပါသည် ။ လူခန္ဓာကိုယ်တွင် ကိုယ်ခံအားဖြစ်ပေါ်လာစေရန်အတွက် အရေပြား ပေါ်၌ ရေကျောက်နမူနာ ပိုးများကို လိမ်းကျံခဲ့သည် ။ ထို့နောက် ဤစိတ်ကူးအကြံအစည်များသည် အာဖရိက (Africa) and တူရကီ (Turkey) သို့ ပျံ့နှံ့သွားပြီး  နောက် ဥရောပ နှင့် အမေရိကား သို့ ရောက်ရှိသွားခဲ့သည် ၁၇၉၆ ခုနှစ်တွင် Edward Jenner ၏ နွားရေကျောက်ကို အသုံးပြု၍ တီထွင်ထားသည့် အရာအား လူ့ခန္ဓာကိုယ်အတွင်းသို့ ထိုးနှံခြင်းဖြင့် ရေကျောက်ရောဂါကို ကျယ်ကျယ်ပြန့်ပြန် ကာကွယ်နိုင်သော ကိုယ်ခံအား ဖြစ်ပေါ်လာစေရန် မျှော်လင့်ချက် ဖြင့်လုပ်ဆောင်ခဲ့သည် ။

 

ပထမဦးစွာ Jenner သည် မြို့အတွင်းနေထိုင်သော နွားနို့ညစ်သူ အမျိုးသမီးများ / နို့နှင့် နို့ထွက်ပစ္စည်းထုပ်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်ကြသော အမျိုးသမီးများတွင် ရေကျောက်ရောဂါ မဖြစ်ပွားသည်ကို သတိပြုမိခဲ့သည် ။ ထို့နောက် Jenner သည် သူ၏မြေးဖြစ်သူ James Phipps ၏ လက်မောင်းအား နွားရေကျောက် ပိုးရှိသော သတ္တုစဖြင့် ခြစ်စေသည် ။ ၎င်းကဲ့သို့ ပြုလုပ်ခြင်းသည် ကာကွယ်ဆေးထိုးခြင်းနှင့် အလားသဏ္ဍာန်တူသည် ။ နောက်ပိုင်းတွင် Jenner သည် သူ၏  မြေးတော်စပ်သူ James သည် ရေကျောက်ရောဂါပိုးနှင့် ထိတွေ့သော်လည်း ရောဂါမဖြစ်ပွား သည်ကို ရှာဖွေတွေ့ ရှိခဲ့ ပါသည် ။ သူ၏ရှာဖွေတွေ့ရှိမှုကို (Vaccination) ကာကွယ်ဆေးထိုးခြင်းဟု အမည်ပေးခဲ့ပါသည် ။

 

ကိုးကားချက်များ။

1 Riedel, S. (2005). Edward Jenner and the History of Smallpox and Vaccination. Baylor University Medical Center Proceedings,18(1), 21-25. doi:10.1080/08998280.2005.11928028

2 Bloom, D. E., Black, S., Salisbury, D., & Rappuoli, R. (2018). Antimicrobial resistance and the role of vaccines. Proceedings of the National Academy of Sciences,115(51), 12868-12871. doi:10.1073/pnas.1717157115

Related words.
Word of the month
New word
ဒေါင်းလုပ်

တစျခုလုံးကို AMR အဘိဓါန် Download ဒီမှာ