ဆေးရုံမှကူးစက်ရောဂါများ
  
Translated

နာမ်စားစကားလုံး-ဘက်ထရီးယားပိုး၊ဗိုင်းရပ်ပိုး၊ကပ်ပါးပိုးနှင့်မှိုရောဂါပိုးတိုးခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်ခြင်း ဖြစ်ပါသည်။

 

ချောင်းဆိုး နှာချေရောဂါဖြစ်ခြင်းသည် ဗိုင်းရပ်ရောဂါပိုးကူးစက်ခံရခြင်း၏ ဥပမာ တစ်ခုဖြစ်သည်။ လူနာသည် လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းနှင့် အဖျားအနည်းငယ်တက်ခြင်းဖြစ်ပါသည်။

 

ရောဂါကူးစက်ခြင်းမှမခံရအောင်ကာကွယ်ခြင်းသည် လူတိုင်းအတွက်တာဝန်ဖြစ်သည်။ ဤကဲ့သို့ ခံယူခြင်းဖြင့်လူနာသည်ဆေးကုသမှုခံယူနေချိန်အတွင်း

 

နီးစပ်သောစကားလုံးများ

ရောဂါပိုးကူးစက်ခြင်း ကူးစက်တတ်သော(နာမဝိသေသန) ရောဂါပိုးမွှားကူးစက်ဝင်ရောက်ခြင်းနှင့်ဆက်စပ်သောစကားလုံး

Learning point

မည်ကဲ့သို့သင်ကိုယ်တိုင်နှင့်သင်ချစ်သောသူများကိုရောဂါပိုးကူးစက်ခြင်းမှကာကွယ်နိုင်မည်လဲ။

 

ဘက်ထရီးယားပိုး၊ ဗိုင်းရပ်ပိုး၊ကပ်ပါးပိုး နှင့်မှိုရောဂါတို့ လူခန္ဓာကိုယ်တွင်ဝင်ရောက်ပြီးပွားများခြင်းဖြစ်ပွားပါက ရောဂါပိုးဝင်ရောက်ခြင်းတို့ဖြစ်ပေါ်စေပါသည်။သို့သော်ရောဂါပိုးကူးစက်ရခြင်းကိုရှောင်ရှားခြင်း(သို့) ကာကွယ် ဆေးထိုးခြင်းဖြင့်ကာကွယ်နိုင်ပါသည်။အောက်ပါအချက်အလက်များသည်လူနာနှင့်လူထုအတွက် လူထုထံမှ ရောဂါကူးစက်ခံရခြင်းအတွက်အကြံပြုထားသောသင်သိသင့်သည့်အချက်အလက်များဖြစ်ပါသည်။

 

အမှတ်စဉ်(၁)ရောဂါပိုးမည်ကဲ့သို့ဝင်ရောက်ကူးစက်ခံရသနည်းကို သိရှိနားလည်ဖို့လိုပါသည်။

ကျွန်ုပ်တို့သည်မိမိတို့၏ကိုယ်ခန္ဓာဝင်ပေါက်များဖြစ်သော နှာခေါင်း၊ ပါးစပ်၊ နား၊ စအို၊ လိင်အင်္ဂါအပေါက်တို့မှတဆင့် ရောဂါပိုးဝင်ရောက်တတ်သည်ကို သိရှိပြီးဖြစ်ပါသည်။ ထို့အပြင်မိမိတို့၏ အရေပြားမှတဆင့် အင်းဆက်ပိုးကောင်၊ တိရစ္ဆာန်ကောင်ကိုက်၍သော်၎င်း၊(သို့)တံခါး၊လက်ကိုင်ဖုန်းများကိုင်ခြင်းဖြင့်ကူးစက်နိုင်ပါသည်။ လေမှ တဆင့် ကူးစက်နိုင်ပါသည်။ထို့ကြောင့်မိမိတို့၏ကိုယ်ခန္ဓာအတွင်းသို့ရောဂါပိုးများမဝင်ရောက်နိုင်အောင် ကာကွယ်ခြင်းသည် အကောင်းဆုံးကာကွယ်မှုနည်းလမ်းတခုဖြစ်ပါသည်။

 

အမှတ်စဉ်(၂) သင်၏လက်ကိုဆေးကြောပါ။

အိမ်သာတက်ပြီးတိုင်း၊အစာမစားခင်၊အစားအသောက်မပြင်ဆင်ခင်အစားအသောက်ပြင်ဆင်ပြီးနောက် စသည့် အခြေအနေများတွင် သင်၏လက်ကိုဆေးကြောရမည်။

 

အမှတ်စဉ်(၃) ကာကွယ်ဆေးထိုးပါ။

သင်၏ကာကွယ်ဆေးထိုးပြီးမှုအခြေအနေအမြဲတမ်းသက်တန်းရှင်နေသည်အထိရှိပါစေ။ကာကွယ်ဆေးသည် သင် အားရောဂါကူးစက်ခံရမှု အခြေအနေများစွာ လျှော့ချနိုင်ပါသည်။

 

အမှတ်စဉ်(၄) ပဋိဇီဝဆေးကိုလိုအပ်မှသာလျှင်သုံးစွဲပါ။

ပဋိဇီဝဆေးကိုဆရာဝန်ညွှန်ကြားမှုရှိမှသာသောက်သုံးပါ။ဆရာဝန်အားပဋိဇီဝဆေးသောက်ခြင်း ကြောင်းမပြော ပါနှင့်၊ဆရာဝန်အားအကယ်၍ပဋိဇီဝဆေးညွှန်းခဲ့လျှင်အဘယ်ကြောင့်ထိုကဲ့သို့သောက်ရ သည်ကိုမေးပါ။ သို့မှသာမိမိသည်ပဋိဇီဝဆေးအားမှန်ကန်စွာသုံးစွဲကြောင့်သက်သေပြပါသည်။ သင်သည်ညွှန်ကြားထားသည့် ပဋိဇီဝဆေးအပတ်လည်သည်အထိ၊သတ်မှတ်ချိန်အတိုင်းအတာတစ်ခုထိသင်တွင် အခြားညွှန်ကြားမှု တစုံတရာရှိခြင်း(သို့) ဆးမတက်ခြင်းမရှိလျှင်ဆေးပတ်လည်အောင်သောက်သုံးမည်ဖြစ်ပါသည်။

 

အမှတ်စဉ်(၅)အကယ်၍သင်တွင် ရောဂါပိုးကူးစက်ခံရသည့်ရောဂါလက္ခဏာများရှိခဲ့လျှင် မိမိအိမ်တွင်နေပါ။

သင့်ထံတွင်အဖျား၊ဝမ်းလျှော့ဝမ်းပျက်၊အန်ခြင်း၊ချောင်းဆိုးခြင်းရှိပါကအလုပ်(သို့)သင်တန်းသို့သွားရောက် ခြင်း အ ပြုလုပ်ရ။

 

အမှတ်စဉ်(၆)ချောင်းဆိုးခဲ့လျှင်မျက်နှာကာအစည်းအတားဝတ်ထားရပါမည်။အကယ်၍မျက်နှာကာ အစည်းအတား မရှိပါကလက်ဖြင့်အုပ်ဖုံး၍ချောင်းဆိုးပါ။

သင်ဖျားနှာပြီး ချောင်းဆိုးခြင်း၊ နှာခြေခြင်းပြုလုပ်သည့်အခါ ဗိုင်းရပ်ပိုးပါသောသေးငယ်သော တံတွေးအမှုန်၊ အချွဲတို့သည်လေထဲ့တွင်ပျံ့နှံသွားသည်။၎င်းလေကိုအခြားသူများရှူရှိုက်မိသောအခါထိုသူတို့အားရောဂါပိုး ဝင် ရောက်ခံရပြီးကူးစက်ရောဂါဖြစ်စေပါသည်။ထို့ကြောင့်သင်ဖျားနှာပြီးချောင်းဆိုးခဲ့လျှင်မျက်နှာကာဖြင့် ဖုံးအုပ်ထား ပါက အခြားသူများထံသို့ ရောဂါပိုးကူးစက်ခံရမှုမှကာကွယ်တားဆီးခြင်းဖြစ်စေပါသည်။

နိုင်ငံအတော်များများတွင်လူတစ်ယောက်သည်ဖျားနာပြီးချောင်းဆိုးခဲ့လျှင်မျက်နှာကာဝတ်ဆင်လေ့ အလေ့ အကျင့်မရှိပါ။ထို့ကြောင့်မျက်နှာကာဖုံးအုပ်ဝတ်ဆင်ထားခြင်းကြောင့်အခြားသူထက်ထူးခြားနေသည် ဟုခံစား ရပါလိမ့်မည်။သို့သော်လည်းသင်ဖျားနာသည့်အခါကျွန်ုပ်တို့သည် သင်အား မျက်နှာကာဖုံးအုပ်ဝတ်ဆင်ရန် အကြံပြုပါသည်။ အကယ်၍ ဤကဲ့သို့ပြုလုပ်ရန်မဖြစ်နိုင်ပါက သင်ချောင်းဆိုးလျှင်နှာခေါင်းနှင့်ပါးစပ်ကိုအုပ်၍ ချောင်းဆိုးပါ။ ချောင်းဆိုးပြီနောက် တံတွေး အမှုန်၊ အချွဲကိုသုတ်ရန် တစ်သျှူးမရှိပါက သင်၏လက်ကို လက်ဖြင့်အုပ်၍ချောင်းဆိုးပြီးနောက် လက်ဆေးပါ။

 

အမှတ်စဉ်(၇) အစားအသောက်ပြင်ဆင်သည့်အခါ သန့်ရှင်းမှုရှိပါစေ။

အစားအသောက်ပြင်သည့်အခါ သင်၏မီးဖိုကြောင်ကြမ်းပြင်၊ စားပွဲမျက်နှာပြင်သန့်ရှင်းနေပါစေ။ အကယ်၍ ပြင်ဆင်ပြီးမကုန်သောအစားအစာများကိုရေခဲ့သေတ္တာထဲ့သို့အလျှင်အမြန်ထည့်သွင်းရန်၊အခန်းအပူချိန် တွင်ကြာ ရှည်စွာထားထားသောအသားငါး အသီးအရွက်တို့ကို ချက်ပြုတ်ချင်းမပြုလုပ်ရ။

 

အမှတ်စဉ်(၉) အင်းဆက်ပိုးမွှားများအန္တရာယ်ကင်းဝေးပါစေ၊

ခြင်၊ယင်၊ကြမ်းပိုး၊မွှားကောင်များသည်ဗိုင်းရပ်ပိုး၊ဘက်ထရီးယားပိုး၊ကပ်ပါးပိုးများကိုသယ်ဆောင် နိုင်ပါသည်။ ကျေးဇူးပြု၍သင်အပြင်ထွက်သည့်အခါ အင်းဆက် ကာကွယ်ဆေးအဆီလိမ့်ပါ။ အိမ်အပြင်၊ ပတ်ဝန်းကျင်တွင် ရေခိုအောင်သည့်နေရာများမရှိပါစေနှင့်၊ခြင်များဥဥမချနိုင်အောင်ဖြစ်ပါသည်။ကြွက်များအိမ်တွင်ရှိမနေစေ ရန်အ စီအမံပြုလုပ်ပါ။

 

အမှတ်စဉ်(၁၀)လိင်ဆက်ဆံခြင်းကြောင့် ရရှိသောကူးစက်ရောဂါ၊

သင်၏လိင်ဆက်ဆံဖေါ်အား ခုခံစွမ်းအားကျဆင်းမှုရောဂါ၊ လိင်ဆက်ဆံခြင်းကြောင့်ရရှိကူးစက်ရောဂါ ရှိမရှိ စစ်ဆေးသင့်သည်။အကယ်၍မစစ်ဆေးရသေးခြင်း၊(သို့)ရောဂါရှိမရှိအခြေအနေမသိရှိပါကလိင် ဆက်ဆံသည့်အခါ ကွန်ဒုံးကိုအသုံးပြုသင့်သည် (သို့) လိင်ဆက်ဆံခြင်းမှရှောက်ကြဉ်ပါ။

 

ကိုးကားချက်များ။

1 Mayo Clinic. (2017, March 08). Germs: Protect against bacteria, viruses and infection. Retrieved from https://www.mayoclinic.org/diseases-conditions/infectious-diseases/in-depth/germs/art-20045289

2 Knapton, S. (2015, August 18). 'Soft touch' doctors should be disciplined for over-prescribing antibiotics. Retrieved from https://www.telegraph.co.uk/news/science/science-news/11808015/Soft-touch-doctors-should-be-disciplined-for-over-prescribing-antibiotics.html

3 Laliberte, M. (n.d.). 12 Essential Questions to Ask Your Doctor Before Taking Antibiotics. Retrieved from https://www.rd.com/health/conditions/antibiotics-side-effects-questions/#card-1/

 

Related words.
Word of the month
New word
ဒေါင်းလုပ်

တစျခုလုံးကို AMR အဘိဓါန် Download ဒီမှာ